Channel Myanmar

Content at random


Movies

SEE ALL
The Last Stop in Yuma County (2023) 7.1
The Last Stop in Yuma County (2023)  The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie

The Last Stop in Yuma County (2023)

Old Fox (2023) 7.3
Old Fox (2023) Old Fox (2023) ============ IMDb Rating - 7.3/10၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံ နေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာ တိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီ လို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။ အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့ အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင် ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ် ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့ ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကား ဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာ တင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆု ကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့် ဇာတ်လမ်း စကတည်းက ပျင်းစရာလုံး၀မရှိပဲ ထိုင်ရာမထကြည့်ချင်အောင်ဆွဲဆောင် နိုင်တဲ့ဇာတ်ကားကောင်းပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.76 GB) / (775 MB) Quality............BLU-RAY 1080p / ...
movie

Old Fox (2023)

2023
The Edge of the Blade (2023) 6.6
The Edge of the Blade (2023)  ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ...
movie

The Edge of the Blade (2023)

Squared Love All Over Again (2023)
Squared Love All Over Again (2023)   ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Squared Love All Over Again (2023)

Tied Up and Down ( 2024 ) 5.7
Tied Up and Down ( 2024 ) ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို လေလံတင်ရောင်းချရာကနေစပါတယ် ။ ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်း‌ချီတွေဟာ လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင် ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင် ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့ သူအပြင်မှာအလည်ထွက်နေတုန်း သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့..လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ? လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ? သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်‌ဇာတ်ကားကောင်းလေးဖြစ်တာမို့ အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Tied Up and Down ( 2024 )

Troll Factory(2024) 7.4
Troll Factory(2024) Troll Factory(2024)******************My Liberation Notes ထဲက အရက်သမားကြီးအဓိက ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်ထားပြီး မျက်မှောက်ခေတ်ရဲ့ ဆိုးယုတ်မှုတွေကို ကောင်းမွန်စွာဖော်ကျူးနိုင်တဲ့ကားကြီးဆိုပြီး ကေတွေလည်းအတော်ချီးကျူးနေကြတာမို့အားလုံးပဲ မအားရင်တောင် ချီးပါရင်းကြည့်လို့ရပါတယ်...အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခုဟာ ဘုတ်အဖွဲ့နဲ့လိုင်စင်ရဖို့နောက်ဆုံးစစ်ဆေးချက်ပြုလုပ်နေတယ်....သူတို့ရဲ့နည်းပညာက ကားအမြန်နှုန်းနဲ့ပေါ်မူတည်Dataတွေခွဲခြမ်းစိတ်ဖြတ်ပေးတဲ့နည်းစနစ်....သို့သော် အဖျက်အမှောင့်အဖွဲ့အစည်းတစ်ခုကFrequency , Wave တွေနဲ့ နည်းစနစ် စစ်ဆေးချက်ကို ဘုတ်အဖွဲ့အတည်ပြုချက်မပေးနိုင်အောင်နှောင့်ယှက်ခဲ့တယ်.... ၅နှစ်နီးပါး အချိန်ယူပြီးပြုလုပ်ခဲ့ပြီး တစ်ဘဝလုံးစာပုံအောခဲ့တဲ့ ပိုင်ရှင်သူဌေးဟာနောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ၄၀ဘီလီယံလောက်အကြွေးတင်သွားပါတယ်...ဒီကိစ္စကိုဖောက်ထုတ်ဖို့သတင်းထောက်က ကူညီခဲပါတယ်..ဒါပေမဲ့ အသရေဖျက်မှုကြီးလိုဖြစ်သွားတဲ့ပြီး သူ့ကြိုးစားမှုကလည်းအရာမထင်ခဲ့ပါဘူး...သူဌေးလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့သလို သတင်းထောက်လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်...အဲဒီနောက်မှာတော့ ဒီကိစ္စအားလုံးရဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့သတင်းထောက်ကြီးကြိုးစားပါတော့တယ်...File size__( 1.7GB) and (682MB) Quality__WEB-DL 1080p, 720p Format__mp4 Duration__01:49:48 Type__Crime,Drama  Subtitle__Myanmar Subtitle (Hardsub) Translated by Stary Tiff, Miri Hnin Wai & Treasure Phyu Sin Encoded by  Phyo Pyae
movie

Troll Factory(2024)

Infested (2023) 6.4
Infested (2023) Infested (2023) =============ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက် ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အ တိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်း ဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါ တွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ်  အဆိပ်ပြင်း ပင့်ကူ တစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အ ဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊ အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့ သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures feature ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.44 GB) / (680 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Alias Encoder..........SWM
movie

Infested (2023)

2023
Extreme Speed Police: The War on Drugs ( 2024 ) 5.7

Extreme Speed Police: The War on Drugs ( 2024 )

Byzantium (2012) 6.5
Byzantium (2012)  Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေအခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့နောက်ကြောင်းက ဘာတွေရှိမလဲ။အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးကဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာသည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... File size…2.4 GB/ 965 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy ...
movie

Byzantium (2012)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
(18+) Maps to the Stars (2014) 6.2
(18+) Maps to the Stars (2014)  ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ ...
movie

(18+) Maps to the Stars (2014)

Hamka & Siti Raham Vol. 2 (2023) 7.0
Hamka & Siti Raham Vol. 2 (2023)  အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie

Hamka & Siti Raham Vol. 2 (2023)

Geethanjali Malli Vachindi (2024) 6.5
Geethanjali Malli Vachindi (2024) Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie

Geethanjali Malli Vachindi (2024)

2024
Unhappily Ever After (aka) Infelices para Siempre (2023) 5.3
Unhappily Ever After (aka) Infelices para Siempre (2023)  "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Unhappily Ever After (aka) Infelices para Siempre (2023)

A View To Kill For (2023)
A View To Kill For (2023)  မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

A View To Kill For (2023)

Mother of the Bride (2024) 5.5
Mother of the Bride (2024)  ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ်ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကိုဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကိုရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surpriseတိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်းမကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲအချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ...ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကိုရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..  File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH ...
movie

Mother of the Bride (2024)

Prom Dates (2024) 5.5
Prom Dates (2024)  ဂျက်စ်...ကျောင်းကပွဲရဲ့ ဘုရင်မဖြစ်ဖို ငယ်ငယ်ကတည်းကအိပ်မက်ရှိခဲ့တဲ့ ဂျက်စ်…။ ငယ်ငယ်ချောချော ကျောင်းသူလေးတစ်ယောက် ဖြစ်တဲ့အလျောက် ကျောင်းဘုရင်မဘွဲရဖိုစိတ်ကြီးပြီး ရှက်တတ်တဲ့သူငယ်ချင်းဖြစ်သူကိုပါ သူလုပ်သမျှပါအောင်ခေါ်တတ်တဲ့ အမွှေစိန်မလေး။ဟန်နာ....မိန်းကလေးချင်း သဘောကျနေတဲ့စိတ်ကိုထုတ်မပြောရဲပေမဲ့ အနီးအနားက လူတွေအားလုံးကတော့သူဂေးနေကြောင်း သိနေပြီဖြစ်တဲ့ ဟန်နာ။ အူကြောင်ကြောင်နိုင်ပြီးတစ်လွဲတွေ လုပ်လေ့ရှိပေမဲ့ အချစ်ရဆုံး သူငယ်ချင်းအပေါ်တော့အပြည့်အဝသစ္စာရှိသူတစ်ယောက်ပေါ့။၁၃ နှစ်သမီးအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကျောင်းကပွဲညကိုပိုင်ရစေမယ်လို ကတိထားခဲ့ကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာကပွဲညမတိုင်ခင် ၂၄ နာရီ အလိုမှာပဲ သူတိုနဲ့ ကပွဲအတူသွားမဲ့ကောင်လေးတွေနဲ့ ပြတ်သွားခဲ့တဲ့အချိန်….သူတိုရဲ့ စိတ်ကူးအိပ်မက်ထဲက ကပွဲညလေးကိုရဖို ဘယ်လိုပြန်လည် အဖတ်ဆယ်မလဲဆိုတာကို အလွဲပေါင်းတစ်သိန်းနဲ့ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။   File size…1.27 GB/  614MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Prom Dates (2024)

BloodRayne (2005)
BloodRayne (2005)  ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie

BloodRayne (2005)

The Nomad (2023)
The Nomad (2023)  ဒီဇာတ်ကားကတော့ 2023 ခုနှစ်ထွက် Crime/Drama ကားဖြစ်ပါတယ် ဒနင်း ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှုအပြီးမှာ အယ်လ်ရွန်က အရမ်း ဒေါသထွက်ပြီး ဘုန်းတော်ကြီးတွေကို လိုက်သတ်တော့တယ် သတင်းထောက်မလေး လေယာက အယ်လ်ရွန် လူသတ်မှုကို ဗီဒီယို မှတ်တမ်း အရယူလိုက် နိုင်တယ်ဒါပေမဲ့ လီယာက အယ်လ်ရွန် အဖမ်းခံရဖို့ထက် ပိုအရေးကြီးတဲ့ Personal ကိစ္စလေးတွေရှိနေပြန်တယ် အဲ့တော့ ဒီကနေ ဘယ်လိုဘာဆက်ဖြစ်ကြမလဲ သူတို့ ရှာဖွေတွေ့ရှိမှုကရော ဘာမို့လို့ အယ်လ်ရွန်က ဘုန်းတော်ကြီးတွေကို လိုက်သတ်နေတာလည်း သတင်းထောက်လေးကရော အယ်လ်ရွန်ကို ရဲလက်အပ်မှာလား အသုံးချမှာလားဒနင်းကရော ဒီ အရှုပ်ထုပ်ထဲ ဘယ်လို ၀င်ပတ်သက်မှာလည်း ကြည့်ရမှာ ဖြစ်ပါတယ်... ဘာသာရေး/ဘ၀ရဲ့ အဓိပွါယ် စတဲ့ themes တွေနဲ့ပတ်သက်ပြီး တွေးစရာ dialgoues တစ်ချို့ပါပါတယ် File size…(896 MB)/(440 MB) Quality….Webrip 1080p ...
movie

The Nomad (2023)

Hunting Housewives (2024)
Hunting Housewives (2024)  ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Hunting Housewives (2024)

Joy of Life (Season 1) 7.8
Joy of Life (Season 1) မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်တဲ့အတွက် Season 1 ကို ပြန်နွေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူက‌ပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်‌နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb: 7.8/10 50 votes
tv

Joy of Life (Season 1)

2019
Kaiju No. 8 (2024) 8.357
Kaiju No. 8 (2024) Kaiju No. 8 (2024) Genre – Anime, Action, Adventure, Comedy IMDB – 8.4/10 MyAnimeList – 8.2/10Japan Anime တွေတို့ Pacific Rim တို့ ကြည့်ဖူးတဲ့လူဆိုKaiju ဆိုတာ ဘာလဲ သိကြမှာပါ။ မသိတဲ့လူတွေအတွက်လည်း Kaiju တွေဆိုတာက အရှင်းဆုံး ပြောရရင် ခုလက်ရှိ အားလုံးရဲ့ အချစ်တော်ကြီး Godzilla တို့လို ထူးဆန်းပြီး ပါဝါတွေ ရှိကြတဲ့ အကောင်အကြီးကြီးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ Anime လေးကလည်း ခုလက်ရှိ အသစ်ထွက်ရှိထားတာ ဖြစ်ပြီး Rating မြင့် ရထားပါတယ်။ Kaiju တွေ ပါဝင်ပေမဲ့လည်း Mecha စက်ရုပ်တွေတော့ မပါဝင်ပဲ သာမန်လူတွေကို အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျပန်မှာက Kaiju တွေ ခဏခဏ ဝင်ရောက်ကျူးကျော် ဖျက်ဆီးနေလို့ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေးတပ်ဆိုတာ ဖွဲ့စည်းထားပြီး အကောင်ပေါ်လာတာနဲ့ သုတ်သင်နေရပါတယ်။ ဇ ာတ်ကောင် Kafka နဲ့ ...
8.357
TMDb: 8.357/10 14 votes
tv

Kaiju No. 8 (2024)

2024
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၅)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
The Seasons S5: Zico’s Artist (2024) 5.5
The Seasons S5: Zico’s Artist (2024) The Seasons S5: Zico's Artist (2024)*************************************အပိုင်းသစ် (၁+၂+၃) တစ်နေ့တာရဲ့ စိတ်ညစ်မှု၊စိုးရိမ်သောကတွေကို သီချင်းတွေနဲ့ဖယ်ရှားပေးဖို့အတွက် " 𝙏𝙝𝙚 𝙎𝙚𝙖𝙨𝙤𝙣𝙨 " ဆိုတဲ့ ဂီတအစီအစဥ်လေးက𝗦𝗲𝗮𝘀𝗼𝗻 𝟱 နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။Season 5 မှာတော့ အဆို၊အက၊အရေး၊ Rap စွယ်စုံထူးချွန်ပြီးနာမည်ကြီး Hit songs များရဲ့ ပိုင်ရှင် 𝗭𝗜𝗖𝗢 က MC အဖြစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။"𝗧𝗵𝗲 𝗦𝗲𝗮𝘀𝗼𝗻𝘀: 𝗔𝗿𝘁𝗶𝘀𝘁 𝘄𝗶𝘁𝗵 𝗭𝗶𝗰𝗼 " ဆိုတဲ့ Season 5 မှာလည်းနာမည်ကျော်အနုပညာရှင်များရဲ့ သီချင်းပေါင်းများစွာကိုတစ်နေရာထဲမှာ နားဆင်ရမှာပဲဖြစ်ပါတယ်။【" ဘဝက တိုတောင်းပြီး အနုပညာက ထာဝရ။" ဂီတရဲ့ အရှေ့မှာ ငါတို့အားလုံးက အနုပညာရှင်တွေပဲ"】 ဆိုတဲ့Zico ရဲ့ သီချင်းစာသားထဲကလိုမျိုး သီချင်းများနဲ့ လိုက်ပါစီးမျောပြီးအနုပညာရှင်တစ်ယောက်ဖြစ်စေဖို့အတွက် Channel Myanmar ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo ...
5.5
TMDb: 5.5/10 2 votes
tv

The Seasons S5: Zico’s Artist (2024)

2023
Wandee Goodday (2024)
Wandee Goodday (2024) မေ့မရတဲ့ တစ်ညတာ (၂၀၂၄)Ch7ကနေ GMMTV ကို ပြောင်းလာအပြီးမှာ ပထမဆုံး BL ခြေလှမ်းသစ်ကို စတင်မယ့် Beauty Newbie, Start upထဲက မင်းသား‌ချော P'Greatရဲ့ Wandee Good DayProtectiveဖြစ်တဲ့ဖိုက်တာကိုကိုနဲ့ clingy ဒေါက်တာလေးတို့ရဲ့အချစ်ဇာတ်လမ်းကို တောင့်တောင့်ဖြောင့်ဖြောင့်CPနှစ်ယောက်ရဲ့ အတွဲညီညီ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ရှုစားကြပါဦး။Open relationship တွေကို လူတွေကျင့်သုံးလာတာနဲ့အမျှ friend with benefits တို့ one night stand တို့ဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ တဏှာရမ္မက်သက်သက်နဲ့ စတင်ခဲ့တဲ့ တစ်ညတာဆက်ဆံရေးကနေ အချစ်စစ်တစ်ခု မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်မှာလား။၈ နှစ်တာလုံးကြိတ်ချစ်ခဲ့ရ ကြိတ်ကြွေခဲ့ရတဲ့ခရက်ရှ်ရဲ့ သစ်စိမ်းချိုးချိုးတာခံလိုက်ရတဲ့ ဒေါက်တာဝမ်ဒီးတစ်ယောက် နှလုံးသားဒဏ်ရာကို အရက်နဲ့ကုစားရင်း ရိုရက်ဆိုတဲ့ လက်ဝှေ့သမားနဲ့တွေ့ပါတော့တယ်။ မူးနေတဲ့ဝမ်ဒီးကို ရိုရက်ကအိမ်ပြန်ပို့ပေးရင်းနဲ့ပဲ အိပ်ရာထဲအထိရောက်သွားရင်း တစ်ညတာကို အတူဖြတ်သန်းတဲ့အဆင့်ဖြစ်သွားတော့တာပေါ့။ဒီလိုနဲ့ friend with benefits လုပ်ဖို့ အကြံပြုချက်နဲ့အတူ ဟန်ဆောင်ချစ်သူဘဝအထိ အဆင့်တက်လာတဲ့ ဒီနှစ်ယောက်ကြားမှာ ရင်းနှီးမှုနဲ့အတူ ...

Wandee Goodday (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၈) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
The Atypical Family (2024)
The Atypical Family (2024) The Atypical Family (2024)*****************************အပိုင်းသစ် (၃) အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ Do Da-Hae (Chun ...

The Atypical Family (2024)

2024
The Midnight Romance in Hagwon(2024)
The Midnight Romance in Hagwon(2024) The Midnight Romance in Hagwon(2024)***************************************အပိုင်းသစ် (၁) Queen of tears ကားပြီးသွား​​တော့ ဒီတစ်ခါမှာလည်း Romance နဲ့.melodrama ​လေးတစ်ကားဖြစ်တဲ့ The Midnight Romance in Hangwon ဆိုတဲ့ကား​လေးကို တင်ဆက်​​ပေးသွားပါမယ်မင်းသားကတော့The Worst of Evil မှာ ဗီလိန်အ​နေနဲ့ပါဝင်တဲ့ Wi Ha Joon နဲ့Work of love ကားထဲက မင်းသမီး Jung Ryeo Wonတို့ ပါဝင်သရုပ်​ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ------ Seo Hye Ji က Daechi Academyရဲ့ လုပ်သက် ၁၄နှစ်ရှိပြီဖြစ်တဲ့နာမည်ကြီး ကိုရီးယားဘာသာစကားနည်းပြဆရာမတစ်​ယောက်ပါ ...သူမက ယှဥ်ပြိုင်လိုစိတ်များပြီး ဘယ်​တော့မှ အနိုင်မခံ အရှုံးမ​ပေးတတ်တဲ့သူပါ...Lee Joon Ho က​တော့ ကုမ္ပဏီကြီးတစ်ခုက​နေ နှုတ်ထွက်ပြီးသူပညာသင်ခဲ့တဲ့​ကျောင်းဖြစ်တဲ့ Daechi Academyဆီကို နည်းပြဆရာအဖြစ် ၁၀နှစ်အကြာမှာ ...

The Midnight Romance in Hagwon(2024)

2024
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၄) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်းသစ် (၉) အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက ...

Missing Crown Prince (2024)

2024
Red Eye (2024) 7.8
Red Eye (2024)  ဒီစီးရီးလေးကတော့ ၂၀၂၄ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်ကလက်သည်ကို စိတ်ဝင်စားစွာ အဖြေရှာရမယ့် ဗြိတိန် Thriller စီးရီးလေးဖြစ်ပါတယ်။ဒေါက်တာမက်သရူးနိုလန်ဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ အလုပ်ခရီးပြီးလို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ လန်ဒန်ကို ပြန်လာတဲ့အခါမှာ ပေကျင်းမြို့က ကောင်မလေးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဆိုင်းမဆင့်ဗုံမဆင့် လေဆိပ်မှာတင် ဖမ်းခံလိုက်ရပြီး ဗြိတိန်အစိုးရက သူ့ကို လူသတ်တရားခံအနေနဲ့ တရားရင်ဆိုင်ခိုင်းဖို့ တရုတ်အစိုးရလက်ထဲကို အပ်လိုက်တဲ့အတွက် တရုတ်ကို သွားမယ့်လေယာဉ်ပေါ်မှာ သူ့ကိုစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ စုံထောက်ဖြစ်သူ ဟန်နာနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ လန်ဒန်ကနေ ပေကျင်းကို သွားမယ့် လေယာဉ်ပေါ်မှာ ဒေါက်တာမက်သရူးကို လုပ်ကြံနှုတ်ပိတ်ဖို ကြိုးစားလာတဲ့အခါမှာ နောက်ကွယ်မှာ တကယ့်လက်သည်က တခြားလူဖြစ်နေမလား၊ ဘာလို့ သာမန်ဒေါက်တာ မက်သရူးက ဒီလိုရှုပ်ထွေးတဲ့ကိစ္စမှာ ဘယ်လိုကြားညှပ်ပါလာတာလဲ၊ ဒီလူသတ်မှုအပြင် ပိုကြီးမားတဲ့ကိစ္စများရှိနေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြေရှာရမယ့် စီရီးကောင်းလေးဖြစ်ပါတယ်။ File size…(772 MB)/(372 ...
7.8
TMDb: 7.8/10 8 votes
tv

Red Eye (2024)

2024
All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
Ghosts Season 1 (2021) +2 (2022) + 3 (2024) 7.9
Ghosts Season 1 (2021) +2 (2022) + 3 (2024) IMDb 7.3ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့ 2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီး နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။တစ်ခါက သရဲ ၈ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ သရဲ ၈ ကောင်ပါ။ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့ လင်မယား ရောက်ရှိပါတယ် ...ဒါကို အလိုမရှိတဲ့ သရဲ ၈ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ...
7.9
TMDb: 7.9/10 11 votes
tv

Ghosts Season 1 (2021) +2 (2022) + 3 (2024)

2021
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
Club Friday Season 16 : Hot Love Issue, Young Love (2024)
Club Friday Season 16 : Hot Love Issue, Young Love (2024) ဖူးသစ်စ အချစ် (၂၀၂၄)မိုနစ်ရဲ့ မိဘတွေက အိမ်ထောင်မကွဲကြရုံတမယ် နေ့စဉ်နဲ့အမျှ ရန်ဖြစ်နေကြပြီး သမီးဖြစ်သူကိုလည်း ဂရုမစိုက်ပေးဘဲ ပိုက်ဆံပေးထားရင်ပြည့်စုံပြီပဲလို့ပဲသတ်မှတ်ထားကြတာဖြစ်သလိုကျောင်းမှာလည်း မိုနစ်ကို ခင်မဲ့သူငယ်ချင်းတစ်ယောက်မှမရှိဘဲ လိုက်နှောက်ယှက်တဲ့သူတွေ အနိုင်ကျင့်တဲ့သူတွေပဲရှိပါတယ်။ ဒီလိုနဲ့ စာဂျပိုးလေးမိုနစ်တစ်ယောက်က အပေါင်းအသင်းမရှိ အားနေစာပဲဖတ်နေရင်း လိုင်းပေါ်မှာ သူနဲ့အကြိုက်တူ ဝါသနာတူတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ခင်သွားကြပါတယ်။တစ်ယောက်အ‌ေကြာင်းတစ်ယောက် အတွင်းကျကျမသိကြဘဲ နှစ်ယောက်စကားစမြည်ပြောကြရင်း ပိုပိုပြီးရင်းနှီးလာလို့ အပြင်မှာတွေ့ဖို့ပါ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီလိုမျိုးလိုင်းပေါ်ကခင်မင်မှုကနေ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမှာလဲ.....မိုနစ်တစ်ယောက် သူ့ရဲ့အွန်လိုင်းသူငယ်ချင်းနဲ့ ဘယ်လိုရှေ့ဆက်ဖြစ်သွားမှာလဲ.... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုချင်ရင်တော့ Club Friday Season 16: Young Love ဆိုတဲ့ဇာတ်ကားလေးကို အားပေးကြည့်ရှုနိုင်ပါတယ်။အညွှန်းကိုတော့ Kim က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kim, Su Myat, Blue တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 550MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Encoder ..... Aaron720p Episode 01 ...

Club Friday Season 16 : Hot Love Issue, Young Love (2024)

2024
What If
What If Liu Xue Yi,Zhong Chuxi နဲ့ Lin Yu Shen တိုဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စျေးကွက်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့ Xia Guoဘ၀ကြီးကအချစ်မရှိရင်အရသာမရှိတဲ့ရေလိုပဲဆိုသလို တစ်ဖက်မှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်သလို အချစ်ကိုလည်းမစွန့်လွှတ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ချစ်သူဖြစ်တဲ့ Yu Jian ကိုပါ သူနဲ့အတူရှန်ဟိုင်းကိုလိုက်ဖိုအတင်းခေါ်ပါတော့တယ်ဒီဇိုင်းပညာမှာထူးချွန်ပြီးတော့ တခြားနေရာမှာအလွယ်တကူအလုပ်လုပ်လိုရပေမဲ့ အေးရာအေးကြောင်း ချစ်ရတဲ့သူတွေနဲ့ဇာတိမြေမှာပဲအခြေချချင်တဲ့ Yu Jian တစ်ယောက် ချစ်သူလေးကြောင့် ရှန်ဟိုင်းမှာအလုပ်သွားလုပ်ဖို စဉ်းစားရပါတော့တယ်အကျင့်စရိုက်မတူတဲ့ချစ်သူနှစ်ဦး လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ဆက်ပြီးလက်တွဲမြဲဦးမှာလား Xia Guo ကရော ဇာတိမှာ ချစ်သူလေးနဲ့အတူ သာယာတဲ့ဘ၀လေးမှာဖြတ်သန်းဖိုရွေးချယ်မှာလား ဒါမှမဟုတ် အောင်မြင်နိုင်ဖိုအခွင့်အရေးကိုဖမ်းဆုပ်ရင်း မြိုကြီးမှာနေဖြစ ေမှာလားဆိုတာ ဒီဇာတ်လမ်းတွဲမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 20 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

What If

2024

Genres

Archives